
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်အရ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃.၆.၂၀၂၆) ရက်နေ့တွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များမှဦးဆောင်၍ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းအရောင်းဆိုင်များသို့ Spriteအချိုရည် ကိုတုပ၍အစိမ်းရောင် ပလပ်စတစ်ဘူးများဖြင့် ထုပ်ပိုးထားသည့် ထိုင်းဘာသာစကားဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော အချိုရည်ဘူးများရောင်းချခြင်းရှိ/မရှိအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထား ခြင်းရှိ/မရှိ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်များအား Sprite အချိုရည်ပလပ်စတစ်ဘူးများကိုအစိမ်းရောင်မှဘူးအကြည်အရောင်အဖြစ်သို့ပြောင်းလဲအသုံးပြုထားကြောင်းဈေးကွက်အတွင်းရောင်းချနေသောထိုင်းဘာသာစကားဖြင့် ပါရှိသည့် Sprite အမှတ်တံဆိပ် အစိမ်းရောင်ပလပ်စတစ်ဘူး(အတု)များသည် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ထောက်ခံချက်မပါရှိသဖြင့် ကျန်း မာရေးအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်းအညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ပြည့်စုံသည့်ကုန်စည်များကိုသာ မိမိတို့ဆိုင်များတွင်ရောင်းချရမည်ဖြစ်ကြောင်း၊ နောင်တွင်အလားတူအချိုရည်ဘူးများအား ရောင်းချခြင်းမပြုရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
