
ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ၊ ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး နှင့်ဝန်ထမ်းများသည် မော်တော်ယဉ် ကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ (၂၇.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ဓနုဖြူမြို့နယ် ရန်ကုန်-ဟင်္သတ ကားဝန်ကြီးအတွင်း ခရီးသွား သယ်ပို့ဆောင်ရေး လုပ်ငန်းများအား သယ်ယူပို့ဆောင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး စာသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေမှုရှိစေ ရေးဆောင်ရွက်ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်မင်းစိုး ဦးစီးအရာရှိက ယာဉ်လိုင်းတာဝန်ခံများ အားခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများ ကို စားသုံးသူများ၏လိုအင်ဆန္ဒနှင့်အညီ လုံခြုံချော့မွေစွာဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကိုအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက် များအပေါ် စိတ်ကျေနပ်မှုရရှိစေရေးနှင့် နစ်နာဆုံးရှံးမှုဖြစ်လာပါက စားသုံးသူ စိတိကျေနပ် သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးရန် ၊ယာဉ်အန္တရာယ်ကင်းးရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးပြီးမှသာ မော်တော်ယာဉ်အားစေ လွှတ်ခြင်းများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)
