
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးပန်းတနော်မြို့နယ်ဦးစီးမှူးရုံး အနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက် များ ဝယ်ယူနိုင်ရန်အတွက် အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခြင်းအား ၂၀၂၆ခုနှစ် ဇန်နဝါရီ လ(၂၇) ရက်နေ့တွင် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် ပန်းတနော်မြို့နယ် စားသောက်ဆိုင်များ သို့ ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင် ရောင်းချသူ တာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းတွင် အစား အသောက်ချက်ပြုတ်သူများ၊ အစားအသောက်ဝန်ဆောင်မှု ပေးသူများ၏ ကျန်းမာရေး၊ တစ်ကိုယ်ရည် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်ချက်ပြုတ်ရာနေရာများ သန့်ရှင်းမှု ရှိ/မရှိနှင့် အမှိုက်ပုံးထားရှိ စွန့်ပစ်မှု များကို စစ်ဆေးခြင်း၊ အစားအသောက် ချက်ပြုတ်ရာတွင် ပါဝင်သည့် ဟင်းသီးဟင်းရွက်၊ အသား/ငါး စသည်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ စသည်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူများကို ကုန်စည်တန်ဖိုး ကြိုတင်အသိပေး ကြေငြာထားခြင်းရှိမရှိ ၊ အခွန်တံဆိပ်ခေါင်း ပါဝင်မှုကို အသိပေးဆောင်ရွက်ခြင်းရှိ/မရှိ၊ အချိန်နှင့်တပြေးညီ စားသုံးသူစိတ်ကျေနပ်မှု ရှိစေရန် ဝန်ဆောင်မှု ပေးနိုင်ခြင်း၊ မပေးနိုင်ခြင်းကို ဝယ်ယူအသုံးပြုသူများကို မေးမြန်းဆောင်ရွက် စစ်ဆေးဆောင်ရွက်ပြီး စားသုံးသူ အခွင့်အရေးများ အပြည့်အဝရ ရှိစေရေး ဆွေးနွေးမှာကြားခြင်းများ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကို ဆိုင်တာဝန်ခံများအား မှာကြား ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
