
၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၉ရက်နေ့(၁၃:၀၀) နာရီအချိန်တွင် မြို့နယ်ပညာရေးဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနများပူးပေါင်း၍ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် (အ.ထ.က-၁) လှိုင်ပညာခန်းမတွင် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပရာ စားသုံးသူရေးရာဦးစီးဌာနမှဒု ဦးစီးမှုးဒေါ်ချိုမီဇင်မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပါက ဖုန်းနံပါတ်(၁၅၃၅)သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ(၂၆၀)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော Consumer CallCenter (1535) ခေါ်ဆိုမှု ကျောင်းသားတစ်ဦးလေ့လာဆောင်ရွက်မှုအနေဖြင့် လက်တွေ့မေးမြန်းလုပ်ဆောင်ချက်ကို ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ CallCenterနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိလိုပါက မေးမြန်းဆောင်ရွက်နိုင်ကြောင်းကို ထပ်ဆင့်အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
