Main menu

မုံရွာမြို့ လယ်တီရပ်ကွက်ရှိ အလကခွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

                     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးရှိ မုံရွာခရိုင်ဦီးစီးမှူး ၊ဒေါ်မိုးသီတာလင်း (ဦးစီးအရာရှိ)၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂.၂.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့ အလကခွဲ လယ်တီ အခြေခံ ပညာကျောင်း၌ ပညာသင်ကြားလျက်ရှိသော ဆရာ/ဆရာမ (၈)ဦးခန့်နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၇၈)ဦီးခန့်အား ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့်  အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

                 မုံရွာခရိုင်ဦီးစီးမှူး၊ ဒေါ်မိုးသီတာလင်းနှင့် ဝန်ထမ်းများသည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံး သူကာကွယ်ရေး ဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်မှုရှိ/ မရှိ၊ သတ်မှတ်ချက်များနှင့် မညီသော၊ ဘေးအန္တရာယ် ဖြစ်စေနိုင်သော အစားအစာများ၊ အသုံးအဆောင်များနှင့် ကစားစရာများအား ရောင်းချမှုရှိ/ မရှိကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ ကျောင်းသူများသည် အစားအသောက်များနှင့် ပတ်သက်ပြီးပို၍ အလေးထားရမည်ဖြစ်သည့် အ တွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘောထား၍ သန့်ရှင်းကောင်းမွန်သော မုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကို သာရောင်းချစေရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား / ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများ ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါ ပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် ကျောင်းသား၊ကျောင်းသူများအား ကုန်ညွှန်အမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာ ရွေးချယ် ဝယ်ယူစားသုံးကြရန်နှင့် တစ်စုံတစ်ရာနစ်နာမှုရှိပါကတိုင်ကြားနိုင်သောနေရာများနှင့် တိုင်ကြားရန် နည်းလမ်းများကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)