
ဧရာ၀တီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးဦးဆောင်၍ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင်ဒေးဒရဲမြို့ နယ်ဘုရားကလေးကွင်းကျေးရွာရှိ"အောင်ချမ်းသာ"သို့ SME ဖွံ့ဖြိုးရေးကွင်းဆင်းခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်မှုတွင်ေအာင်ချမ်းသာဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ဆန်စက်တွင် ကြိတ်ခွဲခုတ်လုပ်မှုအခြေအနေ၊ဆန်စပါးသိုလှောင်ထားရှိမှုအခြေအနေများ၊ဆန်တင်ပို့ရောင်းချမှုဈေးကွက်အခြေအနေများ၊ Gasifier သုံး စနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို စက်ရုံအတွင်းတွင် ကြည့်ရှုလေ့လာခဲ့ပြီးဆန်ထွက်ပစ္စည်းများဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအသိပညာပေးခြင်းနှင့်ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်အသိပညာ ပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
