Main menu

ခရီးသွားဝန်ဆောင်မှုကဏ္ဍအား ကွင်းဆင်းစိစစ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဇန်နဝါရီလ (၂၆) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် အမှတ်(၂) ရပ်ကွက် ၊(၂) လမ်းရှိ (စိုးရာဇာ) ကျိုက်လတ်-ရန်ကုန် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းသို့ ခရီးသွားဝန်ဆောင်မှုနှင့်ပက်သက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၃) ပုဒ်မ (၂၆) ၊ ပုဒ်မခွဲ များအရ ဝန်ဆောင်မှုနှင့် ပက်သက်၍ အချက်အလက်များကို စားသုံးသူသိရှိစေရေန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း၊ စသည်တို့ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့ပါက စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကိုပါ ထပ်ဆင့်ရှင်းလင်းခဲ့သည်ဟု ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)