
မြင်းခြံမြို့နယ်၊ ပတ္တာကျေးရွာတွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ တိုင်ထောင် သခွားများကိုလည်း မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ အပူပိုင်းဒေသဖြစ်သောကြောင့် တိုင်ထောင်သခွားကို ဆောင်းရာသီသာ စိုက်ပျိုးလေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှစ၍ (၄၅)ရက်ကြာလျင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ တိုင်ထောင်သခွားပင်ကို တစ်ကျင်းလျှင်(၁)ပင်ခန့် စိုက်ပျိုးကြောင်း၊ တိုင်ထောင်သခွားပင်ကို မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ တိုင်ထောင်သခွားပင် ကို မြေကျင်းဖွဲ့ စိုက်ပျိုးရပြီး၊ တစ်ပတ်လျှင်(၄)ကြိမ် ခူးဆွတ်၍ အလုံး(၁၁၀၀)ခန့် ရရှိကြောင်း၊ စိုက်ခင်းဈေး တစ်လုံးလျှင်(၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြောင်း၊ တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ ရောင်းချပါက လက်လီတစ်လုံးလျှင်(၈၀၀)ကျပ်၊ ဖောက်သယ်ဈေး (၁၀) လုံးလျှင် (၇၃၀၀)ကျပ်ခန့်ဖြင့်ရောင်းချရကြောင်း၊ မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ တိုင်ထောင်ဝါး၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၃၈၀၀၀၀)ခန့် ကုန်ကျပြီး တစ်ခါစိုက်ပျိုးလျှင် (၂-၃)လကြာအောင် ခူးဆွတ် ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၃၅၀၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ မိသားစုစားဝတ်နေရေး အဆင်ပြေသော ဟင်းသီးဟင်းရွက်သီးနှံဖြစ်ကြောင်း တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
