Main menu

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး သွားတိုက်ဆေးအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ(၂၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ မိဘဂုဏ်ရောင် ကုန်စုံဆိုင်နှင့်‌ ရွှေမိတ်ဆုံကုန်စုံဆိုင်များအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက်စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စတိုးဆိုင်နှင့် ကုန်စုံဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက် ပို၍ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှ လည်းကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)