Main menu

သာယာဝတီခရိုင်တွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဇော်ထွန်းသည် သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ငဖြူကလေးကျေးရွာအနီးရှိ မီးနင်းချောင်းစစ်ဆေးရေးဂိတ်တွင် အလှည့်ကျတာဝန်အဖြစ် ၁၅.၁.၂၀၂၅ ရက်နေ့မှ ၂၁.၁၂.၂၀၂၅ ရက်နေ့အထိ တရားမဝင်ကုန်သွယ်ရေး တာဆီးရေးတာဝန်အား ထမ်းဆောင်ခဲ့ပါသည်။

          အဆိုပါတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး တာဆီးဆောင်ရွက်မှုအား သာယာဝတီ ခရိုင်ရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦးနှင့်အတူ ပူးပေါင်းအဖွဲ့ဝင်များဖြစ်သော  စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)