Main menu

ပေါင်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေး ဆောင်ရွက်လျက်ရှိ

Powered by Drupal

       ၂၃.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် ပေါင်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော ဒေါ်သိမ့်သိမ့်သီတာဇော် (အီလက်ထရောနစ်ပစ္စည်း) ရောင်းချနေသော လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါအသိပညာပေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင် လက်မှတ် သက်တမ်းတိုးခြင်းလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်း၊ စီးပွားလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားမှုကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်းတို့အား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သိရပါ သည်။

     DOCA (မွန်)