Main menu

“ မလှိုင်မြို့နယ် သီးနှံစျေးကွက်”

Powered by Drupal

မလှိုင်မြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရောင်းဝယ်လျှက်ရှိသော သီးနှံများမှာ ဝါ(ချည်မျှင်တို) တစ်ပိဿာလျှင် (၂၄၀၀ိ/- ၂၅၀၀ိ/-)၊ ဝါ (ချည်မျှင်ရှည်) တစ်ပိဿာလျှင် (၂၅၀၀ိ/- ၂၆၀၀ိ/-) ဖြင့် တစ်ပတ်အတွင်း ပိဿာချိန် (၃၀၀၀၀) ကျော် အရောင်းအဝယ်ရှိပြီး၊ မြေပဲအတောင့်အစို (တောထုတ်) တစ်ပိဿာ (၁၉၀၀ိ/-) ဖြင့် မြေပဲရိတ်သိမ်းချိန်ဖြစ်၍ အရောင်းအဝယ်ဖြိုင်လျှက်ရှိပါသည်၊၊ မြို့ပေါ် ပွဲရုံ များမှ အတောင့်ကို ကြိတ်ခွဲ၍ အဆံကို မန္တလေးသို့ တင်ပို့ကြောင်း အဆံတစ်ပိသာလျှင် (၅၀၀၀ိ/-)ဖြင့် အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။
နှမ်းတစ်တင်းလျှင် (၇၂၀၀၀ိ/-) ဖြင့် နယ်လက်ကျန်နည်း၍ မြို့ပေါ်အရောင်းအဝယ် အေးလျှက် ရှိပါသည်၊၊ နှမ်းကိုလည်း မန္တလေးသို့ တင်ပို့ရောင်းချကြောင်း၊ ယခုတစ်ပတ် သီးနှံစျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပေါ်မှုကို မလှိုင်မြို့နယ် သီးနှံစုံရောင်းဝယ်လျှက်ရှိသော ကုန်သည်ပွဲစားကြီးများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)