Main menu

ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ စပါးဝယ်ယူမှု အခြေအနေ

Powered by Drupal

     မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် လယ်ယာမြေစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းတို့ ဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ညောင်တုန်းမြို့နယ် နေ့စဉ် စပါးဝယ်ယူနေပြီး(၁၀-၁-၂၀၂၆ မှ  ၂၂-၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်တွင်းနှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များမှ စပါးများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

   စပါးများကို ဝယ်ယူသော ကုမ္ပဏီများမှ ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၉၄၆၈) တင်း၊ ကရင်မ စပါး (၉၉၈၈)တင်း၊ ထွန်းပုစပါး (၃၉၅)တင်း ၊ GoodBrother ကုမ္ပဏီမှ ဆင်းသုခ စပါး (၆၂၈၇)တင်း (၃၇၅၆၁)၊ ထွန်းပုစပါး (၅၂၀)တင်း၊ (၂၂၈၈)တင်း ဝယ်ယူခဲ့ကြောင်းသိရသည်။ စပါးဝယ်ယူမှုဈေးနှုန်းအနေဖြင့် စပါးအခြောက်များကို ဆင်းသုခ စပါးများကို ၁၄၆၈၀၀၀/-၁၄၇၀၀၀၀/-၁၄၅၀၀၀၀/-၁၄၃၅၀၀၀/- ကျပ်အထိ စပါးအစို၊ အခြောက်၊ အညံ့ဈေး ခွဲခြား၍ ဝယ်ယူခဲ့ကြောင်း၊ စပါးဝယ်ယူရာမြို့နယ်များအနေဖြင့် မအူပင်မြို့နယ် ရွှေတောင်မှော်ဒေသ၊ ရေလဲကလေးဒေသ၊ ကျောင်းကုန်းမြို့နယ်စသည့် ကျေးရွာများမှဝယ်ယူ ကြောင်း ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ နေ့စဉ် စပါးဝယ်ယူမှုရှိပါက မြို့နယ်ဦးစီးမှုးရုံးသို့ ဝယ်ယူမှု တင်းနှင့် ဈေးနှုန်းအခြေအနေများကို နေ့စဉ် ရှိ မရှိ စာရင်းအား  ပြုစုပေးပို့  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)