Main menu

ညောင်လေးပင်ခရိုင်အတွင်းရှိ ပြောင်းဖူးဈေးကွက်

Powered by Drupal

    ညောင်လေးပင်ခရိုင်အတွင်းရှိ ဒိုက်ဦးမြို့နယ်သည် ရန်ကုန် - တောင်ငူ - မန္တလေး လမ်းဘေး၏ အချက်အချာကျသော နေရာတွင်တည်ရှိပြီး စိုက်ပျိုးရေးကောင်းမွန်သော နေရာဒေသတစ်ခုလည်း ဖြစ်ပါသည်။ ဒိုက်ဦးမြို့နယ်တွင် အဓိကအားဖြင့် စပါး၊ ပြောင်း၊ နေကြာ၊ ဖရဲ စသည့် သီးနှံများ ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။

      ယခုအခါ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်းတွင် ဖူးစားပြောင်း (ထိုင်ဝမ်) ပြောင်းများ ဝင်ရောက်မှုများပြားလျက် ရှိကြောင်း သိရှိရပါသည်။ ဖူးစားပြောင်းများကို ဒိုက်ဦးမြို့နယ်အတွင်းရှိ အိမ်ခြေလေးဆယ်ကျေးရွာ၊ ရွာဝိုင်းကြီးကျေးရွာ၊ မလေးစုကျေးရွာတို့မှ အများအပြားစိုက်ပျိုးလျက်ရှိပြီး ရေသွင်းစိုက်ပျိုးလျက် ရှိကြောင်း သိရပါသည်။ ဖူးစားပြောင်း (ထိုင်ဝမ်) ပြောင်းမျိုးစေ့ ဈေးနှုန်းများမှာ ပြောင်းမျိုးစေ့ (၁)ဖာလျှင် (၉၂၀၀၀) ကျပ်ရှိပြီး တစ်ဧကလျှင် (၆)ဖာခန့် စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ထွန်ယက်ခမှာ တစ်ဧလျှင် ပျမ်းမျှ (၈၀၀၀၀) မှ (၁၀၀၀၀၀) ခန့်အထိ ကုန်ကျနိုင်ပြီး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဖြန်းခအနေဖြင့် ကျပ် (၃၀၀၀၀၀) ခန့်၊ အထွေထွေ ကုန်ကျစရိတ်အနေဖြင့် ပျမ်းမျှ ကျပ် (၃၀၀၀၀၀) အထိ ကုန်ကျနိုင်ကြောင်း သိရှိရပါသည်။ စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ကျပ်ခုနှစ်သိန်းကျော်ခန့် ကုန်ကျနိုင်ပြီး ပြောင်းဖူးဈေးနှုန်းများမှာ အရွယ်အစားအလိုက် ပြောင်းလဲမှု ရှိနိုင်ပါသည်။ တစ်ဧကလျှင် ပျမ်းမျှ ပြောင်းဖူး (၈၀၀၀) မှ (၉၀၀၀)ခန့်အထိ ထွက်ရှိနိုင်ပြီး ပြောင်းဖူးအကြီး တစ်ဖူးလျှင် ကျပ် (၇၀၀) ခန့်အထိရှိပြီး ပြောင်းဖူးအသေးတစ်ဖူးလျှင် ကျပ် (၄၀၀) ခန့်အထိ ရှိနိုင်ပါသည်။ ဈေးဒိုင်များတွင် သွားသွင်းလျှင် ဈေးနှိမ်ခံရနိုင်ပြီး ဈေးကွက်များတွင် ကိုယ်တိုင်လိုက်ရောင်းလျှင် ဈေးကောင်းရရှိနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)