
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စတိုးဆိုင်များတွင်ရောင်းချနေသော သစ်ကြားသီးနှင့် ဗန်ဒါစေ့များ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ကချင်ပြည်နယ်ဒေသထွက်၊ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသထွက် သစ်ကြားသီးများ ဈေးကောင်းရရှိလျက်ရှိပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားတွင် ဗန်ဒါပင်များ ပေါက်ရောက် လျက်ရှိပါသည်။ ဗန်ဒါပင်ဟာ အကြီးမြန်ပြီးအရွက်တွေကလည်းတစ်ဆင့်ပြီးတစ်ဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိပါသည်။ သစ်ကြားသီးနှင့်ဗန်ဒါစေ့များကိုစားသုံးခြင်းဖြင့်သွေးတွင်းကိုလက်ထရောကျဆင်းစေခြင်း၊နှလုံးကျန်းမာစေခြင်း၊ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊ အစာခြေစနစ် ကျန်းမာကောင်းမွန်စေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေ လျော့ကျစေခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရှိရပါသည်။
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်အတွင်း ရောင်းချနေသော သစ်ကြားသီးဈေးနှုန်းမှာ သစ်ကြားသီးအလုံး (၅၀)ပါ တစ်ထုပ်လျှင် (၈၅၀၀)ကျပ်၊ အလားတူ ဗန်ဒါစေ့ အစေ့(၁၀၀)ပါ တစ်ထုပ်လျှင် (၃၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
