
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် မုံလာဥဖြူကို စပါးရိတ်သိမ်း ပြီးချိန် မြေပြန့်လွင်ပြင်၊ ဥယျာဉ်ခြံများတွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ဆောင်းရာသီ၌သာ အများဆုံးစိုက်ပျိုးကြပါသည်။ မြေပြန့်ဥယျာဉ်ခြံဒေသများဖြစ်သော တောင်ပေါ် (၅) အုပ်စု၊ လွယ်မွေအုပ်စုတို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြောင်း သိရပါသည်။
မုန်လာဥဖြူကို စတင်စိုက်ပျိုးသည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် မြေကိုထွန်ယက် ၍ ဘောင်စနစ်ဖြင့်စိုက်ပျိုးကာ ဇန်နဝါရီလတွင် ထွက်ရှိကြောင်း သိရပါသည်။ တစ်ဧက၏ စိုက်ပျိုးမှု အတွက် သွင်းအားစုများ၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ မြေဆွေး၊ စပါးခွံ၊ ပိုးသတ်ဆေး၊ နွားချေး၊ လုပ်သားခ စသည်တို့သည် ယခုနှစ်တွင် တစ်ဧကလျှင် သွင်းအားစု စုစုပေါင်း (၁၇) သိန်းခန့် ကုန်ကျ ကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ထွက်ရှိသော မုန်လာဥဖြူများသည် တစ်ဧကလျှင် မုန်လာဥပေါင်း (၅၀၀၀-၆၀၀၀) ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ထွက်ရှိသော မုန်လာဥဖြူများကို ကျိုင်းတုံမြို့မဈေး၊ အာခါဈေး၊ ယန်းခမ်းဈေးတို့၌ အရွယ်အစားပေါ်မူတည်၍ လက်ကားဈေးနှုန်း တစ်ဥလျှင် (၈၀၀-၁၀၀၀) ကျပ်ခန့်ဖြင့် ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။ မုန်လာဥဖြူ ရောင်းရ ငွေမှာ လက်ကား အနိမ့်ဆုံးဈေးဖြင့်တွက်လျှင် (၄၀) သိန်းခန့်ရရှိ၍ တစ်ဧက၏ အထွေထွေ ကုန်ကျစရိတ် (၁၇) သိန်းနုတ်လျှင် မုန်လာဥဖြူစိုက် တောင်သူကြီးများအနေဖြင့် တစ်ဧကကို အကျိုးအမြတ်မှာ (၂၃) သိန်းခန့် ရရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
