
ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ယခုလရာသီတွင် ဌက်ပျောသီးစျေးကောင်းရရှိ၍ မိသားစု အပို ဝင်ငွေရရှိကြောင်းသိရှိရပါသည်။ ဌက်ပျောတွင် သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့ သည် လူကြိုက်များသည့် အတွက် ရောင်းအားအလွန်ကောင်းသောကြောင့် ယခုလက်ရှိ သီးမွှေးတစ်ဖီးလျှင်(၁၂၀၀၀)ကျပ်ခန့်၊ ဖီးကြမ်းတစ်ဖီးလျှင်(၅၀၀၀)ကျပ်ခန့်၊ ရခိုင်တစ်ဖီးလျှင်(၃၀၀၀)ကျပ်ခန့် နှင့် ရွှေဌက်ပျောတစ်ဖီးလျှင် (၁၅၀၀၀ )ကျပ်ခန့်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
