
တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာတွင် Rss-1၊ Rss-2၊ Rss-3၊ Rss-4၊ Rss-5 ဟူ၍ အဆင့် သတ်မှတ်ချက် (၅)မျိုးရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် Rss-3၊ Rss-5 (၂) မျိုးရှိပြီး Rss-3 သာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်သည် ရော်ဘာစျေးကောင်းပိုရလျက်ရှိပြီး ယခုအပတ်တွင် ရော်ဘာစျေးနှုန်းမှာ Rss-3 တစ်ပေါင်လျှင် (၂၆၂၀ိ/-)ကျပ်နှင့် Rss-5 တစ်ပေါင်လျှင် (၂၅၂၀ိ/-)ကျပ် ခန့် စျေးနှုန်းရှိပြီး ယခင်နှစ် အလားတူကာလတွင် Rss-3 တစ်ပေါင်လျှင် (၂၉၀၀ိ/-)ကျပ်နှင့် Rss-5 တစ်ပေါင်လျှင် (၂၈၀၀ိ/-)ကျပ် ပေါက်စျေးရှိကြောင်း စုံစမ်းသိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် ရော်ဘာစျေးနှုန်းအနေဖြင့် တောင်သူများတွက်ခြေ ကိုက်လျက်ရှိသောကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး ရော်ဘာစျေးနှုူန်း အခြေအနေမှာ စျေးနှုန်းမြင့်တက်လျက်ရှိ၍ အရောင်းအဝယ်မှာပုံမှန်ရှိပြီး ရော်ဘာကို ထားဝယ်မှ မုဒုံ သို့လည်းကောင်း၊ ထားဝယ်မှ ရန်ကုန်သို့လည်းကောင်း တင်ပို့လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါကစျေးနှုန်းမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
