
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအေဂျင်စီ(MSME) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး MSME အေဂျင်စီ နာယက၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီး MSME အေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ တနင်္သာရီတိုင်း ဒေသကြီး MSME အေဂျင်စီအဖွဲ့၊ အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ဝန်ကြီးချုပ်မှ နိဂုံးချူပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်း အဝေးပြီးမြောက် ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
