
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ပြီးခဲ့သော ဒီဇင်ဘာလတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းထက် ယခုဇန်နဝါရီလတွင် ဈေးတက်လာသည်ကို တွေ့ရပါသည်။
ယခင်ဒီဇင်ဘာလ စတုတ္ထပါတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ(၂၀) တစ်တင်းလျှင်ကျပ် (၈၅၅၀၀ မှ ၈၅၀၀၀)နှုန်းဖြင့် ဈေးပိတ်ခဲ့ပါသည်။
ယ္ခုဇန်နဝါရီလ ပထမပါတ် အဖွင့်ဈေးမှာ ကျပ်(၈၅၅၀၀ မှ ၈၇၀၀၀) နှုန်းအထိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒုတိယပါတ် ဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး ကျပ်(၈၇၀၀၀ မှ ၈၈၀၀၀) နှုန်းအထိ ဈေးအတက်ဖြင့် ရောင်းဝယ်နေသည်ကို တွေ့ရှိရပါသည်။
ယ္ခုတတိယပါတ်တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းမှာ အေးနေပြီး ပိဿာ(၂၀)တင်းကို ကျပ်(၈၇၀၀၀ မှ ၈၈၀၀၀)နှုန်း ဖြင့်သာအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
ပွဲရုံများမှ တင်ပို့ရောင်းချမှု့ အခြေအနေမှာ ပွဲရုံရှိ လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံများမှ လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)
