Main menu

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ (၁၈း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution  Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၃၅) ပေပါကို ယာဥ်မောင်း ဦးစိုးသူ၊ ယာဉ် အမှတ် 6L-9963/ Hino မော်တော်ယာဥ်ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ် ခရိုင် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ ကြောင်း၊ အဆိုပါ စားအုန်းဆီ (၃၅) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှ တစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီ ဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)