
စားသုံးသူရေးရာဦးစီးဌာနသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်း ရှင်းစေရေးဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် မြိတ်မြို့၊ ကန်ဖျားရပ်၊ ပိတောက်ပင်လမ်းဆုံရှိ နန်းမြင့်မိုရ်လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားနှင့် ပတ် သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် နန်းမြင့်မိုရ်လုပ်ငန်းမှ ထုတ်လုပ်ထားသော ထုတ်ကုန်များသည် ကုန်အညွှန်းအမှတ်အသားပါရှိသော်လည်း လိုအပ်ချက်များရှိသည့်အတွက် ပြည့်စုံစွာဖော်ပြပါရှိစေရေး ရှင်းလင်းပြောကြားခဲ့ပြီး စာသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင် ရွက်ရမည့်အချက်များနှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံပါက လာရောက်လျောက်ထားရန် ပြော ကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
