Main menu

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၁၇.၁၁.၂၀၂၂ မှ ၂၃.၁၁.၂၀၂၂ ရက်အထိ ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၂၇၄၀၀)ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၈၅၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၃၀၀ ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၃၇၅၀ ကျပ်ထိရှိပြီး ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်းနှင့် တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှ သိရှိရပါသည်။

DOCA(ရန်ကုန်)