Main menu

ရွှေဘိုမြို့ ပဲနှမ်းကုန်စည်ဒိုင်၏ နိုဝင်ဘာလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့်ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

     ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် နိုဝင်ဘာလ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်းနှင့် မြေပဲဆံများအပြင် နှမ်းနက်များစတင်ဝင်ရောက်လာကြောင်း၊ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် အနိမ့်ဈေး (၁၈၀၀ဝိ/-)နှင့် အမြင့်ဈေး(၁၈၈၀ဝိ/-)ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၆၀၀၀)တင်း/ (၁၅၀)တန်ဖြစ်ကြောင်း၊  မြေပဲဆံတစ်တင်းလျှင် အနိမ့်ဈေး(၈၀၀၀ဝိ/-)နှင့် အမြင့်ဈေး(၈၁၆၀ဝိ/-)ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/ (၂၁)တန်ဖြစ်ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး(၈၃၀၀ဝိ/-)နှင့် အမြင့်ဈေး(၈၅၀၀ဝိ/-)ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ(၆၀၀၀)တင်း / (၁၄၇)တန်ဖြစ်ကြောင်း၊  ယခုနှစ်နှင့် ယခင်နှစ်ကာလတူ အရောင်းအဝယ်ဖြစ်မှု နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် အစေ့ထုတ်ပြောင်းများ အရောင်းအဝယ်ဖြစ်ခြင်းမရှိဘဲ နှမ်းနက်၊ နှမ်းဖြူနှင့် မြေပဲဆံများသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မြေပဲဆံမှာ ယခင်နှစ်ထက် (၈၇၇)တင်း/ (၂၀)တန်နှင့် နှမ်းနက်မှာ ယခင်နှစ်ထက်(၄၈၀၀)တင်း/ (၁၁၈)တန် ပိုခဲ့ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်မှတာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းနက်များသည် ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များမှ လာရောက်ရောင်းချခြင်းဖြစ်ပြီး ယခင်နှစ်က (၁၁/၂၀၂၁)လမှစ၍ (၁/၂၀၂၂)လကုန်ထိနှမ်းနက်များ အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုနှစ်တွင်လည်း ယခင်နှစ်နည်းတူ အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)