Main menu

" မိုးမင်း(၁) " ဂစ်တာထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဦးဇော်မင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

Powered by Drupal

                      စစ်ကိုင်းမြို့နယ်၏ ထုတ်ကုန်တစ်ခုဖြစ်ပြီး စစ်ကိုင်းအိုးဟု မြန်မာတစ်နိုင်ငံလုံးတွင် ထင်ပေါ် ကျော်ကြားသော စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ မြို့သစ်အရှေ့ပိုင်းရပ်ရှိ "မိုးမင်း(၁)"ဂစ်တာ ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဦးဇော်မင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြ လိုက်ရပါသည်။

"မိုးမင်း(၁)ဂစ်တာထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းကိုဘယ်တုန်းကစတင်ပြီးလုပ်ကိုင်ခဲ့တာပါလဲ။ဒီလုပ်ငန်းကို ၁၉၈၈ ခုနှစ်၊ မတလမှ စ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။

ဂစ်တာထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နေရာလေးကို  မိတ်ဆက် ပေးပါဦး။

          ဂစ်တာထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများကို စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ စိန်ကုန်း၊ မြို့သစ်နှင့် အုတ်စက်ရပ်များတွင် လုပ်ကိုင်ဆောင်ရွက်ကြပြီး ကျွန်တော်ကတော့ စစ်ကိုင်းမြို့နယ်၊ မြို့သစ်အရှေ့ပိုင်းရပ်ကွက်မှာ လုပ်ကိုင်ဆောင်ရွက်ပါတယ်။

Value Added ထုတ်လုပ်နိုင်မှုအခြေအနေလေး ပြောပြပေးပါဦး။

        ထင်းအဖြစ်သုံးစွဲမည့် အသားများအား တန်ဖိုးရှိ တူရိယာပစ္စည်းများအဖြစ် တီထွင်ဖန်တီးပြီး ပြည်တွင်းဖြစ် အဆင့်မြင့်ဂစ်တာ၊ မယ်ဒလင်၊ တယော၊ ဘင်ဂျို ကြိုးတပ်တူရိယာပစ္စည်းမျိုးစုံအား တစ်နှစ်ပတ်လုံးထုတ်လုပ်နိုင်ပြီး မိုးတွင်းကာလများတွင် အရောင်းအဝယ်ပါးပြီး ကျန်ကာလများတွင် လုပ်ငန်းရှင်တစ်ဦးလျှင် တစ်လ ဂစ်တာ (၁၅၀)လုံးမှ (၈၀၀) လုံးခန့်ထိ ထုတ်လုပ်နိုင်ပါတယ်။

ကုန်ကြမ်းလိုအပ်ချက်နဲ့ လုပ်သားအင်အားအခြေအနေလေး ပြောပြပေးပါဦး။

          ဂစ်တာထုတ်လုပ်ရန်အတွက် အသုံးပြုသည့် ကုန်ကြမ်းအမျိုးအစားများမှာ အထပ်သား၊ သစ်သား၊ ကီး၊ ကြိုး၊ ဘားနှင့် ဆက်စပ်အသုံးပြုသည့်  ကုန်ကြမ်းများမှာ သံထည်၊ အသားထည်များကို လိုအပ်သော ဂစ်တာ ပုံစံ “မို”၊ ကော်မျိုးစုံ ဖြစ်သည့် စူပါကော်၊ အမြှုပ်ကော်၊ အသားကပ်ကော် တို့ဖြစ်ပါတယ်။ ကုန်ကြမ်းပစ္စည်းများကို မန္တလေး အထပ်သားစက်ရုံမှ မှာယူပြီး ကီး၊ ကြိုး၊ ဘား၊ ရှေ့နောက်တုံးများကို တရုတ်ပြည်မှ မှာယူအသုံးပြုပါတယ်။ စစ်ကိုင်းမြို့မှာဆိုရင် ဂစ်တာလုပ်ငန်း လုပ်ကိုင်သူ (၂၀) ဦး ခန့်ရှိပြီး  လုပ်ငန်းရှင်တစ်ဦးလျှင် လုပ်သားအင်အား (၃) ဦးမှ (၁၂)ဦးထိ အလုပ်ကိုင် အခွင့်အလမ်းများ ပေးနိုင်ပါတယ်။

အမျိုးအစားအလိုက် ယခုလက်ရှိ ဈေးနှုန်းလေးတွေလည်း ပြောြပပေးပါဦး။

          မြန်မာပြည်အနှံ့ ယခုလက်ရှိ ဖောက်သည်ဈေးနှုန်းတွေကတော့ ထွင်းအိုးဂစ်တာ(၂၅)သိန်း၊           ရှေ့ကာလာ(၉)သောင်း၊လိုက်ကာ All(၉)သောင်း၊ ၊ စတီးကီး၊စတီးဘားလိုက်ကာ( ၁ သိန်း ၁ သောင်း)၊ ထင်းရှူးဂစ်တာ ( ၁ သိန်း ၃ သောင်း) ၊ အဆင့်မြင့်ထင်းရှူးဂစ်တာ( ၂) သိန်း ၊ EQ ထင်းရှူးဂစ်တာ

(၂)သိန်း၊ မယ်ဒလင်(ရိုးရိုး)(၉ သောင်း/ ၁ သိန်း)၊ ကလေးတီးဂစ်တာ(၁)သိန်း စသည့်ဈေးနှုန်း အသီးသီးဖြင့်  ရောင်းချလျက် ရှိပါတယ်။   

 

စစ်ကိုင်းဂစ်တာများကို ဈေးကွက်ထဲ ဘယ်ဒေသတွေမှာ ဖြန့်ဖြူးရောင်းချပေးလျှက် ရှိပါ သလဲ။

           ဒေသတွင်း ဈေးကွက်နှင့် မန္တလေး ၊ ရန်ကုန်၊ ကချင် ၊ ကရင် ၊ ရှမ်း မြန်မာပြည် အနှံ့အပြားသို့ တင်ပို့ရောင်းချကြပါတယ်။ (Covid_19)အချိန်မတိုင်ခင်က ပြည်ပဈေးကွက်အနေဖြင့် အိန္ဒိယ၊ တရုတ်၊ ယိုးဒယားနိုင်ငံများသို့ တင်ပို့ရောင်းချနေပြီး စင်ကာပူနိုင်ငံနှင့်လည်း ချိတ်ဆက်ဆောင်ရွက် ထားပါတယ်။

အသင်းအဖွဲ့ဖွဲ့စည်းထားရှိမှု အခြေအနေလေးလည်း ပြောပြပေးပါဦး။

          စစ်ကိုင်းမြို့နယ် ဂစ်တာလုပ်ငန်းရှင်များအသင်းကို (၂၇.၆.၂၀၁၃) ရက်နေ့တွင် အလုပ်အ  မှုဆောင်(၉)ဦး၊ အသင်းသား(၂၁) ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။

ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲတွေမှာ လိုက်ပါပြသဆောင်ရွက်မှု အခြေအနေနဲ့ အကျိုးကျေးဇူးလေး ပြောပြပေးပါဦး။

            ပြည်တွင်းကုန်စည်ပြပွဲအနေဖြင့် စစ်ကိုင်းမြို့၊ မန္တလေးမြို့နှင့် မုံရွာမြို့နယ်များတွင်ကျင်းပခဲ့သည့် ကုန်စည်ပြပွဲများ သို့ သွားရောက် ပြသခဲ့ပါတယ်။ ပြည်ပကုန်စည်ပြပွဲအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံ မှ ဖိတ်ခေါ်ချက်အရ ယိုးဒယားနိုင်ငံများသို့လည်း သွားရောက်ပြသခဲ့ပါတယ်။ ပြည်တွင်း၊ပြည်ပ ကုန်စည် ပြပွဲတွေမှာ လိုက်ပါပြသခဲ့ရတဲ့ အကျိုးကျေးဇူးတွေကတော့ မိမိဒေသ၊ မြို့နယ်၊ တိုင်းနှင့် မိမိနိုင်ငံ၏ ထုတ်ကုန်ပစ္စည်း စစ်ကိုင်းဂစ်တာဆိုပြီး  နိုင်ငံတကာဈေးကွက်ထိ ကျယ်ကျယ်ပြန့်ပြန့် ဈေးကွက်ချဲ့ထွင် ရောင်းချပြသနိုင်ခဲ့ပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

          မိမိတို့ ဂစ်တာထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စစ်ကိုင်း ခရိုင်/မြို့နယ်အတွင်းရှိ ပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းများ ခိုင်မာစွာရရှိစေခြင်း၊ ထင်းအဖြစ် သုံးစွဲမည့် အလေအလွင့်အသားများအား တန်ဖိုးရှိ တူရိယာပစ္စည်းများ တီထွင်ဖန်တီးပြီး ပြည်တွင်းဖြစ် အဆင့်မြင့်ဂစ်တာ၊ မယ်ဒလင်၊ တယော၊ ဘင်ဂျိုကြိုးတပ်တူရိယာမျိုးစုံထုတ်လုပ် နိုင်စေခြင်း၊ ပြည်တွင်းဝယ်လိုအားကို အပြည့်အစုံ ထုတ်လုပ်နိုင်ခြင်း၊ ခေတ်မီနည်းပညာများဖြင့် ပိုမို စိတ်ဝင်စားမှုရှိစေပြီး တန်ဖိုးထားလာစေခြင်း၊ နိုင်ငံခြားဖြစ်ပစ္စည်းများနှင့် အရည်အသွေးတူညီသော တူရိယာပစ္စည်းများ ထုတ်လုပ်မှုဖြင့် ပြည်တွင်းဖြစ်ပစ္စည်းတန်ဖိုး မြှင့်တင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့  တင်ပို့ရောင်းချရန် အဆင့်မြှင့်တင်မှုများ၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပပို့ကုန် အဖြစ်နိုင်ငံခြားငွေရရှိစေခြင်းနှင့် ဂစ်တာလုပ်ငန်းဆောင်ရွက်သူများ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာ‌နိုင်စေမည် ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

"မိုးမင်း(၁)" စစ်ကိုင်းဂစ်တာကို ဆက်သွယ်မှာယူနိုင်မယ့် လိပ်စာလေး ပြောပြပေးပါဦး။

          ကျွန်တော်ထုတ်လုပ်တဲ့ "မိုးမင်း(၁)" စစ်ကိုင်းဂစ်တာကို ဆက်သွယ်မှာယူလိုပါက " မိုးမင်း"  စစ်ကိုင်းဂစ်တာ၊ ထုတ်လုပ်ဖြန့်ချီရေး လက်လီ/လက်ကား အရောင်းဆိုင်၊ နန်းဦးမြို့သစ်ရပ်၊ ထုံးဘိုလမ်း၊စစ်ကိုင်းမြို့ဖြစ်ပြီးဆက်သွယ်မှာယူနိုင်မယ့်တယ်လီဖုန်းနံပါတ်တွေက‌တော့  ၃(၀၇၂-၂၂၆၉၅၊ ၀၉- ၅၅၀၄၈၅၁၊ ၀၉- ၉၇၆၈၀၀၅၁၁၊ ၀၉- ၄၅၅၅၀၄၈၅၁) စတဲ့ ဖုန်းနံပါတ်တွေမှလည်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

DOCA(စစ်ကိုင်း)