Main menu

ကျွန်းလှမြို့နယ်၊ သံဘိုကျေးရွာ(အ.လ.က) စာသင်ကျောင်းများသို့ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

               စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်(၀၉;၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်၊  သံဘိုကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

                         အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမွန် မှ ကြိုဆိုနှုတ် ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံမှ စားသုံးသူကာ ကွယ်ရေး၏အဓိပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပါယ်ဖွင့်ဆို ချက်၊ ကုန်စည် နှင့် ဝန်ဆောင်မှု၏ အဓိပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူအခွင့် အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၌ ပြဌာန်းခဲ့ပြီး အခန်းပေါင်း (၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း၊ ဥပဒေပြဌာန်းရခြင်းရဲ့ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေး()ချက် စားသုံးသူများ လိုက် နာဆောင်ရွက်ရမည့်တာဝန်()ချက်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင် သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များ အားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက် နှင့် ပတ်သက်ပြီး ကျောင်းသား/သူများကို ထုတ်ကုန်လုခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများ နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ် ဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက် အသုံးပြုတတ်ရန်အတွက် ဆရာ/ ဆရာမ(၁၄)ဦး၊ ကျောင်းသား/သူ(၁၈၂) စုစုပေါင်း(၁၉၆)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။DOCA(စစ်ကိုင်း)