Main menu

ညောင်ဦးမြို့ အဝေးပြေးကားကွင်းတွင် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ   ခရိုင်တာဝန်ခံသည် ၁၂.၁.၂၀၂၆ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီ အချိန်တွင် ညောင်ဦးမြို့ ပုဂံရွှေပြည် အဝေးကားကွင်းရှိ ယာဉ်လုပ်ငန်းများကြီးကြပ်ရေးမှူးရုံးတွင် ဂိတ်မှူးများနှင့်ရုံးအဖွဲ့များအားတွေ့ဆုံ၍ စားသုံးသူကာကွယ် ရေးအကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။

          တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး ဥပဒေပါ ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံး၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ဆိုလိုတာဖြစ်ပါကြောင်း၊ ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကို အသိပညာပေးရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကားကွင်းရှိ ဂိတ်မှူးများ၊ ယာဉ်လုပ်ငန်းများကြီးကြပ်ရေးရုံးအဖွဲ့များ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)