
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရှားပါး သည့်ရာသီများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချ ကြောင်းသိရပြီး ယခုလို ဆောင်း ပိုင်းကာလများတွင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင်လည်း တစ်ပိုင် တစ်နိုင်အနေဖြင့် နွေ၊ မိုး၊ ဆောင်း ချောင်းရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံ နှင့်အတူ ပန်းမုံလာ မုံလာထုတ် တို့ကိုလည်း စိုက်ပျိုး ရောင်းချလျက်ရှိကြောင်းသိရသည်။
ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ပန်းဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၃၀၀၀)ကျပ် နှင့် အသေး တစ်ပွင့်လျှင်(၁၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဂေါ်ဖီထုတ် အကြီး တစ်ထုတ်လျှင်(၄၀၀၀)ကျပ်၊ အသေး တစ်ထုတ် လျှင်(၃၀၀၀)ကျပ်၊ မုံလာစိတ် တစ်စိတ်လျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင် အပတ်ထက် ပန်းမုံလာ တစ်ပွင့်လျှင်(၁၀၀၀)ကျပ် မုံလာထုတ် တစ်ထုတ်လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းလျော့ကျလျက်ရှိပြီး ပန်းဂေါ်ဖီ နှင့် မုံလာထုတ်များကို စားသောက်ဆိုင်များ ထမင်းဆိုင်များ နှင် စားဖွယ်စုံဆိုင်များတွင် မဖြစ်မနေ အသုံးများသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း ဆောင်း ရာသီ သီးနှံဖြစ်သည့်အတွက် ပန်းမုံလာ၊ မုံလာထုတ်ဈေး အနည်းငယ်ဆက်လက်ကျဆင်း လာနိုင်မည်ဖြစ်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူ ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)
