
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေ ဖြင့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ/နီ၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း သပ်သပ်စိုက်ပျိုးကြသလို နှစ်ရှည်ပင်များကြားတွင်လည်း သီးထပ်သီးညှပ် အဖြစ် စိုက်ပျိုးကြပါသည်။
ဇန်နဝါရီလ ပထမပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော နနွင်းတက် ဈေးနှုန်း အနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် နနွင်းတက်(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ နနွင်းမှုန့် အစစ် ဈေးနှုန်း အနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ နနွင်းမှုန့်အစစ်(၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် နနွင်းမှုန့် အစစ် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ နနွင်းမှုန့်အစစ် နို့ဆီဘူး တစ်ဘူးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဇန်နဝါရီလ ဒုတိယပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော နနွင်းတက် ဈေးနှုန်း အနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊နနွင်းတက်(၅၀)ကျပ်သားလျှင် (၅၀၀၀) ကျပ် နှင့် နနွင်းတက်(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ နနွင်းမှုန့်အစစ် ဈေးနှုန်း အနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ နနွင်းမှုန့်အစစ်(၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် နှင့် နနွင်းမှုန့် အစစ် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ်၊ နနွင်းမှုန့်အစစ် နို့ဆီဘူး တစ်ဘူးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက နနွင်းတက်ပေါ်သည့် ရာသီဖြစ်သည့်အတွက် နနွင်းတက် (၁)ပိဿာလျှင်(၂၀၀၀)ကျပ် နှင့် နနွင်းမှုန့်(၁)ပိဿာလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းကုန်မျိုးစုံရောင်းချနေသည့် ဈေးသည်ထံမှ သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)
