Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော ဒေသထွက် ရေချို ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

Powered by Drupal

                   ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

                             ဇန်နဝါရီလ ဒုတိယပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ငါးရံ့ ဈေးနှုန်းများမှာ ငါးရံ့ အကြီး တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၄၀၀၀)ကျပ် ငါးရံ့ (အသေး)တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးရံ့ခြောက်ဈေးနှုန်းများမှာငါးရံ့ခြောက်အကြီးလက်လီဈေးတစ်ပိဿာလျှင်(၈၂၀၀၀)ကျပ်၊ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၁၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)လက်လီဈေးတစ်ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်နှင့် နှိုင်းယှဉ်ပါက ငါးရံ့အကြီးဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ငါးရံ့အသေးဈေးနှုန်း တစ်ပိဿာလျှင် (၁၀၀၀)ကျပ် နှင့် ငါးရံ့ခြောက်ဈေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ငါးရံ့သည် အခြားငါးများထက် အသားကျစ်လစ်ပြီး အရိုးနည်းသည့်အတွက် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိကြောင်းငါးသည်ထံမှသိရပါသည်။

DOCA(စစ်ကိုင်း)