
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)သည် ၁၉.၁.၂၀၂၆ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ စားသုံးသူပြည်သူ(၁၀ )ဦးအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ၊ စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန် (၄)ချက်၊ ကုန်စည် / ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ Online Shopping များမှ ဝယ်ယူသုံးစွဲရာတွင် သတိပြု ဆောင်ရွက်သင့်သည့် အချက်များ ၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက် လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှုနှင့်ဖြေရှင်းပေးနေမှုအခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြော ခဲ့ပါသည်။
DOCA(ကချင်)
