Main menu

ကန့်ဘလူ၊ မြို့မဈေးတွင် ရောင်းချနေသော နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းနှင့် သစ္စာပန်းဈေးနှုန်းများ

Powered by Drupal

                   ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း၊ သစ္စာပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော နှင်းဆီ ပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီပန်း ၊သစ္စာပန်းများကို မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် ခင်ဦးမြို့မှလည်းမှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထား အသုံးပြုကြကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း နှင်းဆီပန်း အကြီး()ပွင့်လျှင် (၁၀၀၀)ကျပ်၊ အသေး()ပွင့်လျှင်(၅၀၀)ကျပ်နှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်း ပန်း()ခက်လျှင် (၁၀၀၀)ကျပ်၊ သစ္စာပန်း()စည်းလျှင် (၂၀၀၀)ကျပ်၊ ()စည်းလျှင် (၅၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)