
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူးသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ဘိုစားပဲသီး၊ ခရမ်းချဉ်သီး ၊ ပြောင်း ဖူး၊ ခါကြက်ဥ၊ ပန်းငရုတ်ပွသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ပန်းငရုတ်ပွသီးနှင့် ခါကြက်ဥ များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချလျက်ရှိပါသည်။ ပန်းငရုတ်ပွသီးနှင့် ခါကြက်ဥများကို မန္တ လေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော ပန်းငရုတ်ပွသီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ)(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
