Main menu

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်ရှိ သီဟိုဠ် စျေးနှုန်း/စျေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီးတွင် သီဟိုဠ်ပင်များသည် ရှေးယခင်ကပင် တောင်ကုန်း၊တောင်တန်းများနှင့် တောင်ကြားလွင်ပြင် မြေလွတ်/မြေရိုင်းများတွင် အလေ့ကျပေါက်ရောက်လျက်ရှိပြီး ယခုအခါ အလေ့ကျပေါက်ရောက်လျက်ရှိသော အပင်များအပြင် စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြပါသည်။ သီဟိုဠ်သီးများသည် ဖေဖော်ဝါရီလပိုင်းတွင် စတင်ထွက်ရှိပြီး မိုးမကျမီ ဧပြီလအထိ ဆူးခွတ်ရရှိနိုင်‌‌ကြောင်း သိရှိရပါသည်။

          ထားဝယ်မြို့ရှိ သီဟိုဠ်ကြိတ်ခွဲစက်ရုံများမှ သီဟိုဠ်စေ့အကြမ်းများအား ဝယ်ယူကာ အဆင့်ဆင့် ကြိတ်ခွဲပြီး ရရှိလာသော သီဟိုဠ်စေ့ ပုံချောအသန့်များအား ဒေသတွင်း မုန့်လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဒေသထွက်ပစ္စည်းအရောင်းဆိုင်များသို့ရောင်းချလျက်ရှိသည့်အပြင် အခြားတိုင်းဒေသကြီး /ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး စျေးနှုန်းအနေဖြင့် ဇန်နဝါရီလ ဒုတိယပတ်အတွင်း သီဟိုဠ်စေ့ ပုံချောအသန့် တစ်ပိဿာလျှင် ၄၉၅၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)