
မြန်မာနိုင်ငံသည် အပူပိုင်းဒေသရာသီဥတုနှင့် သင့်လျော်သည့် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ကျွဲကောသီးများကို နေရာအနှံ့အပြားတွင် စိုက်ပျိုးထွက်ရှိလျက်ရှိသည်။ ကျွဲကောသီးသည် အပင်ကြီး ထွားရန်လွယ်ကူပြီး ရာသီဥတုနှင့် မြေသဘာဝအခြေအနေများကို အလွန်မရွေးချယ်သော သီးနှံ တစ်မျိုးဖြစ်သည်။ ကျွဲကောသီးသည် စိုက်ပျိုးသူတောင်သူများအတွက် ထိန်းသိမ်းစရိတ်နည်းပါးသည့် အပြင် စိုက်ပျိုးပြီး ၅လ မှ ၆ လ အကြာအတွင် အသီးထွက်နိုင်သည့်အတွက် အချိန်တိုအတွင်း စိုက်ပျိုးရေးဝင်ငွေ တိုးတက်စေသည်။ ကျွဲကောသီးသည် တစ်နှစ်လျှင်နှစ်သီးထွက်ရှိပြီး မိုးကာလဖြစ် သည့် ဇူလိုင်လများတွင် အသီးစတင်ခူးဆွတ်ရောင်းချရကာ ရာသီဥတုမှန်ကန်ပါက မိုးကာလအသီးအ ထွက်နှုန်းသည် နွေဘက်တွင် အထွက်နှုန်းများပြီး စျေးကောင်းရကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ကျွဲကောသီး စိုက်ပျိုးမှု ပိုမိုတွေ့ရှိရ၍ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင်လည်း စိုက်ပျိုးကြသည်။ အ ထူးသဖြင့် မွန်ပြည်နယ်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊ မုဒုံ၊ ရေးနှင့် ခေါဇာမြို့နယ် တို့မှ ထွက်ရှိသော ကျွဲကောသီးများသည် အရသာချိုမြိန်မှုရှိပြီး အာဟာရဓာတ်များစွာ ပါဝင်သောကြောင့် မြိတ်မြို့တွင်လူကြိုက်များ၍ မြိတ်မြို့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ မြိတ်မြို့တွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်၌ ရောင်းချလျက်ရှိသော ကျွဲကောသီးစျေးနှုန်းမှာ တစ်လုံးလျှင် ၅၅၀၀ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA(တနင်္သာရီ)
