
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောင်းမြခရိုင်ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုး နှင့်ဝန်ထမ်းများသည်မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍(၁၅.၁.၂၀၂၆)ရက်နေ့နံနက်(၁၀:၀၀)နာရီကဝါးခယ်မမြို့နယ်၊ကျုံမငေး အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊တားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များ၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ထုတ်လုပ်မှုအမှတ်စဉ်တို့အားအသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊မိမိတို့စားနေသောအစားအသောက်များတွင်ဓါတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊သက်တမ်းလွန် အစားအသောက် များ အားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊၊ ဟောပြောပွဲသို့ဆရာ/ဆရာမ၊ကျောင်းသား/သူစုစုပေါင်း(၃၅၅)ဦးတက်ရောက်ခဲ့ပါသည်။
(DOCA ဧရာဝတီ)
