
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ အရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက် နေ့ နံနက် (၀၉: ၃၀)အချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရုံးလမ်းရှိ အုပ်ချုပ်ရေးမှူးရုံး၌ Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ အလှကုန်ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က အလှကုန်ပစ္စည်းရောင်းချရာတွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုမှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းဝယ်မှု ဖြစ်လျက်ရှိကြောင်း၊ထိုသို့ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင် ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်လျောက်ထားရာတွင် ကိုက်ညီရ မည့် အချက်များ၊ အထောက်အထားများ၊ မှတ်ပုံတင်လက် မှတ်ရရှိသူ၏တာဝန်နှင့်အခွင့်အရေးများ၊ မှတ်ပုံတင်လက်မှတ်ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ဆိုင်ရာအကြောင်းအရာများ၊ Online Sales မှတ်ပုံတင်လက်မှတ်ထုတ်ယူပုံအဆင့်ဆင့်၊ သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍သိရှိရန်အချက်များ၊ အွန် လိုင်းလုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
