
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မအူပင်ခရိုင်၊ မအူပင်မြို့နယ် အခြေခံစားသောက်ကုန်၊ အိမ်သုံးပစ္စည်း၊ အလှကုန်နှင့် လူသုံးကုန် ပစ္စည်းများ ဈေးကွက်အတွင်းဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရန် အတွက် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့က ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။ ဘေးအန္တရာယ်ရှိသော ကုန်စည် ဆိုသည်မှာ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည်ဖြစ်ပြီး မအူပင်မြို့နယ်အတွင်း ရောင်းချနေသော ဈေးကွက်အမျိုးမျိုး၌ စားသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည်အုပ်စု(၈)မျိုးအား ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) ကုန်စည်တွင် မြန်မာဘာသာနဲ့ ကုန်အညွှန်အမှတ်အသား ဖော်ပြရာတွင် ဖော်ပြချက်ကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကို ရောင်းချကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ လုပ်ငန်းရှင်တို့သည် တားမြစ်ချက် အခန်း ၂၃ မှ တားမြစ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ပါပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
