
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၌ မင်္ဂလာဈေးကြီးအတွင်း သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက် (၈) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့ပေါ်ရပ်ကွက်များ၊ မင်္ဂလာဈေးအတွင်း ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တရားဝင် အသိပေး ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း (၁၄) မျိုးအား ရောင်းချမှု ရှိ/မရှိ၊ သက်တမ်းလွန် အလှကုန်ပစ္စည်းများ၊ စံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီမှုမရှိသည့် အလှကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများရောင်းချမှု ရှိ၊ မရှိ၊ အလှကုန်နှင့် ဆက်စပ် ပစ္စည်းများတွင် ကုန်အညွှန်အမှတ်အသား ဖော်ပြရမည့် အချက်အလက်များ ပါဝင်မှုရှိမရှိ၊ အခြေအနေများကို စစ်ဆေးခဲ့ကြပြီး အလှကုန်ပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဈေးကွက်အတွင်း တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသော အများပြည်သူများ သုံးစွဲရန်မသင့်သည့် ဈေးနှုန်းပေါ များသော အလှကုန်များကို ရောနှောရောင်းချခြင်းမရှိစေရန် အသိပေးပြော ကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်သင့်ကြောင်း တရားဝင်ခွင့်ပြုထားသည့် အလှကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ကုန်အညွှန်အမှတ်အသားပြည်စုံစွာ မြန်မာဘာသာဖြင့် ဖော်ပြထားသည့် ကုန်စည် ရောင်းချရေးတို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြ ကြောင်း တားမြစ်ကုန်စည်များကို ဈေးကွက် အတွင်းရောင်းချမှု မရှိကြောင်း သိရပါ သည်။
DOCA(ဧရာဝတီ)
