
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုအနေဖြင့် ကန့်ဘလူမြို့နယ်တွင် ဧက ရှစ်သောင်းကျော် စိုက်ပျိုး ရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။
ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံကို သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုး မှုဟူ၍ စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်စိုက်ပျိူး၍ စက်တင်ဘာလတွင် အစေ့ထုတ်ပြောင်းများ ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းမျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများ ဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရခြင်းမှာ အခြားမျိုးများစိုက်ပျိုးခြင်းထက် ယခုမျိုးများ စိုက်ပျိုး ခြင်းက အထွက်နှုန်းပိုကောင်းမွန်သောကြောင့် စိုက်ပျိုးသူများပြားလာခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိူး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆၀၀၀၀ဝ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၅၇ တင်းထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အစေ့ထုတ်ပြောင်း တစ်တင်းလျှင် ၂၃၅၀၀ကျပ်၊ ဈေးကွက် အနေဖြင့် အစေ့ထုတ်ပြောင်းများကို မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရွှေဘိုမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၇၃၀၀၀၀ ခန့်ရရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုး ခြင်းဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)
