
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်း ဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် နံနက် (၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆိပ်ဖူးမြောင်ကျေးရွာ (အ.လ.က)ခွဲကျောင်းရှိ ဆရာ/မ များနှင့် ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး ကျောင်းမုန့်ဈေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏အခွင့် အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာ နှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာပေးဟောပြောဆွေနွေးခြင်း၊ Online မှတဆင့် ကုန်စည် များဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အိမွန်ကျော်(အကြီးတန်းစာရေး)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ကုန်စည် များကို ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ဟောပြောဆွေးနွေး အသိပညာပေးခဲ့ကြောင်း၊ ဆက်လက်၍ ကျောင်းမုန့်ဈေးဆိုင်အား ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ဆရာမများနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက် ရမည့်အချက်များအား အသိပညာပေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။
DOCA(စစ်ကိုင်း)
