
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တာ၀န်ခံနှင့်ဝန်ထမ်းတို့သည် (၁၂.၁.၂၀၂၆) နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် ပန်းတနော်မြို့နယ် ပတောက်စုကျေးရွာ စောမြဖော ဆန်စက် သို့သွားရောက်၍ ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊ စပါးဆန်ဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ ၊Gasifierများစနစ်တကျအသုံးပြုမှုရှိ/မရှိ၊MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က ဆန်ထွက် ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိ စေရေးအသိပညာပေးခြင်း စပါး/ဆန်သို လှောင်ရုံမှတ်ပုံတင်ထားရှိမှုကို စစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုး ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအနေများ၊Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များ အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ ဆန်စက်တွင် လက်ရှိစပါး တင်း ၃၀၀၀တင်း၊ ဆန်အိတ် ၅၀၀ ရှိကြောင်း ဌာနမှ သတ်မှတ်စည်းကမ်း လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း ဆန်စက်လုပ်ငန်းရှင်ပြောကြားချက်အရ သိရသည်။
DOCA(ဧရာဝတီ)
