
လိမ္မော်သီးသည် အရသာရှိပြီး ကျန်းမာရေးနှင့် အလွန်ညီညွတ်သော အသီးတစ်မျိုးဖြစ်သည်။ ၎င်းတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင် C ကြွယ်ဝစွာ ပါဝင်သဖြင့် ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးပြီး ရောဂါဘယများကို ခုခံကာကွယ်ပေးနိုင်သည်။
လိမ္မော်သီးကို ဒီအတိုင်း အမွှာလိုက် စားသုံးခြင်းက အမျှင်ဓာတ်ကို အပြည့်အဝ ရရှိစေ သကဲ့သို့ ဖျော်ရည်လုပ်၍ သောက်သုံးခြင်းကလည်း လန်းဆန်းမှုကို ပေးစွမ်းနိုင်သည်။ သို့သော် အက်စစ်ဓာတ် အနည်းငယ် ပါဝင်သောကြောင့် အစာအိမ်ရောဂါရှိသူများအနေဖြင့် အလွန်အကျွံ စားသုံးခြင်းကို သတိပြုသင့်ပါသည်။ ခြုံငုံရလျှင် လိမ္မော်သီးသည် နေ့စဉ်စားသုံးပေးသင့်သော သဘာဝအားဖြည့်အသီးအနှံတစ်ခု ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့၌ အများအပြား စိုက်ပျိုးကြပါသည်။ ဈေးနှုန်းများမှာလည်း တစ်ပိဿာလျှင် (၅၀၀၀ - ၈၀၀၀) ကျပ်နှုန်းခန့်ရှိပြီး အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သီပေါမြို့နယ် ကုန်းသာရွာမှ စိုက်ပျိုးထွက်ရှိသော လိမ္မော်သီးသည် လူကြိုက်များပြီး ပို၍အရောင်းသွက်ကြောင်း သိရှိရသည်။
DOCA(ရှမ်း)
