Main menu

၂၀၂၆ ခုနှစ်၌ ဆန်တန်ချိန် ၁ သန်းခန့် ပြည်ပသို့တင်ပို့နိုင်မည်ဟု အင်ဒိုနီးရှား ပြောဆို

Powered by Drupal

     အင်ဒိုနီးရှားအစိုးရပိုင် ထောက်ပံ့ရေး အေဂျင်စီ (Bulog) သည် ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့ရန်အတွက် ခွဲတမ်း စီစဉ်လျက်ရှိကြောင်းသိရှိရသည်။ Bulog ၏ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ Ahmad Rizal Ramdhani က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ သိုလှောင်ထားသည့် ဆန်တန်ချိန်စုစုပေါင်း ၃၃၅၁၉၀၀ တန်မှ တင်ပို့မည့်ခွဲတမ်းကို ပြည့်မီအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

    ပြည်ပသို့တင်ပို့ရန်အတွက် စံချိန်မီအရည်အသွေးမြင့် ဆန်တန်ချိန် ၁ သန်း သိုလှောင်ထား သည်ဟု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ဂျကာတာ၌ ပြုလုပ်သည့် အစည်းအဝေးတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ Bulog သည် အရှေ့တောင်အာရှ ဒေသအတွင်း ဆန်တင်ပို့နိုင်မည့် အလား အလာရှိသော နိုင်ငံများကို လေ့လာစူးစမ်းလျက်ရှိကြောင်း၊ Bulog ၏ ဝန်ထမ်းများသည် အာဆီယံ နိုင်ငံများရှိ သံရုံးများမှ စီးပွားရေးသံအရာရှိများနှင့် အဆိုပါအစီအစဉ်အား အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ပြည်ပသို့တင်ပို့မည့် ဆန်ခွဲတမ်းသည် အထူးသဖြင့် တရုတ်နှစ်သစ်ကူး၊ ရာမဒန်ဥပုသ်လ နှင့် အိဒ်ပွဲတော်ကာလများ ရောက်ရှိချိန်တို့တွင် ပြည်တွင်းဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ဆဲဖြစ်‌ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီး Amran Sulaiman က ရည်ညွှန်းထားသည့်အတိုင်း ခွဲတမ်း ပမာဏကို သတ်မှတ်ထားကြောင်းသိရှိရသည်။

     သံရုံးများရှိ စီးပွားရေးသံအရာရှိများထံမှ အကြောင်းပြန်ကြားလာမှု မရှိသေးကြောင်း၊ အိဒ် ပွဲတော် ကာလအထိတိုင်အောင် ယခုနှစ်အတွက်  ဆန်တန်ချိန် ၃.၃၅ သန်းကို အရန်အဖြစ် ချန်လှပ် ထားကြောင်း၊ ပိုလျှံမည်ဆိုပါက မလေးရှား၊ တီမောလက်စ်တေနှင့် ပါပူအာနယူးဂီနီနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း Mr. Rizal က ပြောဆိုခဲ့သည်။

    ၂၀၂၆ ခုနှစ်မှစတင်၍ စားသုံးရန်ဆန်များကို တင်သွင်းခြင်းပြုမည်မဟုတ်ဟူသော အစိုးရ၏ ဆုံးဖြတ်ချက်နှင့်အညီ ပြည်ပသို့ဆန်တင်ပို့မည့် အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ သမ္မတ Prabowo Subianto က အင်ဒိုနီးရှားသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ပြည်တွင်း ဆန်စားသုံးမှုကို လုံလောက်အောင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်ဟု ပြောကြားထားသည်။

    အာဆီယံနိုင်ငံများရှိ သံရုံးများမှ စီးပွားရေးသံအရာရှိများနှင့် ဆွေးနွေးထားပြီးဖြစ်ရာ လာ မည့် ရက်သတ္တပတ်များအတွင်း အကြောင်းပြန်ကြားချက် ရရှိလိမ့်မည်ဟုမျှော်လင့်ကြောင်း Rizal ကပြောဆိုသည်။ Bulog အနေဖြင့် ယခုနှစ်တွင် တောင်သူများထံမှ ဆန်တန်ချိန် ၄ သန်း ဝယ်ယူ ရန် ရည်ရွယ်ထားကြောင်း၊ အရန်ဆန် တန်ချိန်စုစုပေါင်းသည် မျှော်မှန်းချက်ကို ကျော်လွန်လျက် ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၇ သန်းသို့ ရောက်ရှိမည်ဖြစ်ကြောင်းသိရှိရသည်။

Source : TEMPO.CO , January 11, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)