Main menu

ဗီယက်နမ်ထံမှ ရေထွက်ကုန်များ တင်သွင်းမှု အမေရိကန် ပိတ်ပင်

Powered by Drupal

      ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဗီယက်နမ်နိုင်ငံရှိ အဓိကငါးဖမ်းဧရိယာ ၁၂ ခု မှ အမေရိကန်ပြည်ထောင်စုသို့ ရေထွက်ကုန်များ တင်သွင်းခြင်းကို တရားဝင် ပိတ်ပင်လိုက် ကြောင်း ကြေညာခဲ့သည်။

      ထိုသို့ ရေထွက်ကုန်များတင်သွင်းမှုကို ပိတ်ပင်ခြင်းသည် အမေရိကန်အစိုးရ အမျိုးသား သမုဒ္ဒရာနှင့်လေထုစီမံခန့်ခွဲရေးအဖွဲ့(NOAA)၏ တရားဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို လိုက်ပါ ဆောင် ရွက်ခြင်းသာဖြစ်သည်။ ထိုအဖွဲ့က အဆိုပါ ငါးဖမ်းဧရိယာများအတွက် တန်းတူညီမျှမှုအဆင့် သတ်မှတ်ချက်များကို ငြင်းပယ်လိုက်ခြင်းဖြစ်ပြီး ထိုဒေသများသည် ပင်လယ်နို့တိုက်သတ္တဝါ ကာကွယ်ရေးအက်ဥပဒေ(MMPA)၏ တင်းကျပ်သော စံသတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း ကို အကြောင်းပြ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ဟိုချီမင်းမြို့ရှိ ထိုင်းကုန်သွယ်ရေးစင်တာ၏ မဟာဗျူဟာမြောက် ခွဲခြမ်းစိတ်ဖြာချက် တစ် ရပ်အရ အဆိုပါအကောင်အထည်ဖော်မှုသည် အမေရိကန် ပင်လယ်စာဈေးကွက်၏ ယှဉ်ပြိုင်မှု အနေအထားတွင် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ရပ်ကို ဖြစ်စေသည်ဟု သုံးသပ်ထားပါ သည်။ ရေတိုကာလအတွင်း ရေထွက်ကုန်များ တင်သွင်းမှုကို ပိတ်ပင်လိုက်ခြင်းသည် ထောက်ပံ့မှု ကွာဟချက်ကြီးတစ်ခု ဖြစ်ပေါ်စေလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ အထူးသဖြင့် ဗီယက်နမ်က ဈေးကွက်ဝေစု ကြီးစိုးထားသည့် တူနာငါး၊ ပြည်ကြီးငါးနှင့် ကဏန်း စသည့်ကုန်စည်များတွင် အဆိုပါအကျိုးဆက်က ပိုမိုသိသာမည် ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါဈေးကွက် ကွာဟချက်သည် အခြားဒေသတွင်းတင်ပို့သူများ အထူးသဖြင့် ထိုင်းနိုင်ငံ အနေဖြင့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ကာ ဈေးကွက်ဝေစု ပိုမိုကြီးမားစွာ ရယူနိုင်ရန် မဟာဗျူဟာမြောက် အခွင့်အရေးတစ်ရပ် ဖန်တီးပေးနေသည်။ လက်ငင်းစီးပွားရေး သက်ရောက်မှု ထက်ကျော်လွန်၍ အဆိုပါခြေလှမ်းသည် ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့မှုဆိုင်ရာ အခြေခံစံနှုန်း များဟူသော အရေးပါမှုသည် ရွေးချယ်စရာ နည်းပညာကိစ္စများအဖြစ်မှ ကမ္ဘာ့ကုန်သွယ်ရေး၏ မရှိမဖြစ် အခြေခံ ပင်မထောက်တိုင်များအဖြစ်သို့ ပြောင်းလဲလာပြီဖြစ်ကြောင်း အခိုင်အမာ ဖော်ပြ နေသည်။

     ထိုင်းပြည်တွင်းလုပ်ငန်းရှင်များအတွက် အမေရိကန်၏ ယခုအစီအမံသည် အကျိုးအမြတ် ကြီးမားသော အခွင့်အရေးတစ်ရပ် ဖြစ်သကဲ့သို့ တင်းကျပ်လာမည့် မူဝါဒဆိုင်ရာ သတိပေးချက် လည်း ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၎င်းတို့၏ ခိုင်မာသော ငါးလုပ်ငန်းစည်းမျဉ်းမူဘောင်နှင့် အပြည် ပြည်ဆိုင်ရာ စောင့်ကြည့်ရေးစံချိန်များကို လိုက်နာမှုတို့ဖြင့် အမေရိကန် သွင်းကုန်လုပ်ငန်းရှင်များ ၏ ယုံကြည်မှုကို မြှင့်တင်ရန် အကောင်းဆုံး အနေအထားတွင် ရှိနေသည်။

    သို့ရာတွင် စိစစ်သုံးသပ်ချက်တွင် သတိပေးထားသည်မှာ ပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များ ပိုမိုတင်းကျပ်လာနိုင်သည့် အန္တရာယ်မြင့်မားနေဆဲဖြစ်ကြောင်း သိရှိရသည်။

    အနာဂတ် ဈေးကွက်သို့ ဝင်ရောက်နိုင်ခွင့်ကို အာမခံရန် ထိုင်းနိုင်ငံမှ တင်ပို့သူများအနေဖြင့် တင်သွင်းခွင့်ပြုလက်မှတ် (Certificates of Admissibility ̶ COA) အပါအဝင် စနစ်တကျ ပြုစုထားသော မှတ်တမ်းများကို ဦးစားပေးရမည့်အပြင် ထောက်ပံ့ရေး ကွင်းဆက်တစ်လျှောက်လုံး အပြည့်အဝ ခြေရာခံရမည်ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါသက်ရောက်မှုများသည် ဗီယက်နမ်တွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ သို့မဟုတ် လုပ်ငန်းလည်ပတ်မှုများရှိသည့် ထိုင်းလုပ်ငန်းများအထိ ရိုက်ခတ်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်း များသည် ထုတ်လုပ်မှုနှင့် တင်ပို့မှုဆိုင်ရာ လက်ငင်းစိန်ခေါ်မှုများ ကြုံတွေ့ရနိုင်သော်လည်း ၎င်း အခြေအနေသည် နည်းပညာလွှဲပြောင်းမှုများကို ဦးဆောင်ရန်နှင့် ရေရှည်တည်တံ့သော စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် ရေရှည်အတွက် မဟာဗျူဟာမြောက် အခွင့်အလမ်းကို ပေးကြောင်း သိရှိရသည်။

    ဗီယက်နမ် ငါးလုပ်ငန်းများအား ပင်လယ်နို့တိုက်သတ္တဝါ ကာကွယ်ရေး အက်ဥပဒေ (MMPA) ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ကူညီခြင်းဖြင့် ထိုင်းရင်းနှီးမြှုပ်နှံသူများသည် ဒေသတွင်း ရေထွက်လုပ်ငန်းကဏ္ဍ အဆင့်မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည်။

    အဆုံးစွန်အားဖြင့် အဆိုပါဖွံ့ဖြိုးတိုးတက်မှုသည် ထိုင်းငါးလုပ်ငန်းကဏ္ဍအတွက် ဈေးနှုန်း ကို အခြေခံသော ယှဉ်ပြိုင်မှုမှ စံချိန်မြင့်မားမှုနှင့် ရေရှည်တည်တံ့မှုကို အခြေခံသည့် မဟာဗျူဟာ သို့ အရေးတကြီး ကူးပြောင်းရန် လိုအပ်ကြောင်း ပိုမိုထင်ရှားစေပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် အတွင်း ယှဉ်ပြိုင်နိုင်စွမ်း ထိန်းသိမ်းရန် မရှိမဖြစ် လိုအပ်သော အဓိကအချက်အလက်သစ်များ ဖြစ် လာပြီ ဖြစ်ကြောင်း သိရှိရသည်။

Source: The Nation Thailand, January 11, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)