Main menu

အထူးထိန်းချုပ်ဆေးဝါးလက်လီရောင်းချခွင့်လိုင်စင်လျှောက်ထားခြင်းကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ဇင်မာဦး (ဦးစီးအရာရှိ) သည်  (၇.၁.၂၀၂၆)ရက်နေ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍  အောင်မြေသာစံမြို့နယ် အစားသောက် နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့သည် မြို့နယ်အတွင်း ရှိ လင်းရောင်ဦး(အထွေထွေရောဂါကုဆေးရုံ)မှ အထူးထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခွင့် လိုင်စင်(အသစ်)လျှောက်ထားခြင်းနှင့် ဆေးဆိုင်တွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်း စနစ်များ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးမှုအားပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။      

DOCA(မန္တလေး)