
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် စပါးသီးနှံကို၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၅၂၃၃၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၆၂)ဧက ၊ မြစ်သားမြို့နယ်တွင် (၅၅၄၈၅)ဧက၊စုစုပေါင်း(၁၃၇၁၈၁)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်၌(၂၉၁၇၇)ဧက ၊ စဉ့်ကိုင်မြို့နယ်၌(၂၀၈၇၂)ဧက ၊ မြစ်သားမြို့နယ်၌(၁၀၉၂၂)ဧက ၊ စုစုပေါင်း (၆၀၉၇၁)ဧက ရိတ်သိမ်းခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း မိုးစပါးကို အရည်အသွေးကောင်း ၊ စျေးကောင်းရရှိသော ဧရာပဒေသာစပါးနှင့်မနောသုခစပါး မျိုးများကို အဓိကထား စိုက်ပျိုးကြ ကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့်ပတ်ကြဲ စိုက်ပျိုးမှုများကို စိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း(၁၀၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ယခုအချိန်တွင် (မိုးစပါး)များ ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၇၅-၈၀)တင်းခန့်ထွက်ရှိကြောင်း၊ (၁)ဧက အကျိုးမြတ်အနေဖြင့်(၈၇၀၀၀၀/-) ကျပ်ရရှိကြောင်း ၊ စပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည် ။ ယခုလက်ရှိ စပါးစျေးနှုန်းအနေဖြင့် မနောသုခစပါး(မိုး) တင်း(၁၀၀)လျှင် (၁၄၀၀၀၀၀-၁၅၀၀၀၀၀)ကျပ် ၊ မနောသုခ ဆန်(သစ်) ၂၄ ပြည် တစ်အိတ်လျှင် (၅၅၀၀၀-၆၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာစပါး တင်း(၁၀၀)လျှင် (၂၄၀၀၀၀၀-၂၅၀၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာဆန်(သစ်) ၂၄ ပြည် တစ်အိတ်လျှင် (၉၀၀၀၀-၉၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲစားများထံမှသိရှိရ ပါသည်။
DOCA(မန္တလေး)
