Main menu

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန တို့သည် ၂၀၂ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် မြိတ်မြို့၊ မြစ်မရပ်ရှိဆေးဆိုင်များအား ဆေးစျေးနှုန်းများ အဆမတန်မြင့်တက်ရောင်းချခြင်းမျိုးမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ဆေးစျေးနှုန်းများအားစုံစမ်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကား ခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသော ဆေးဝါးများ‌ရောင်းချမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)