
၂၄-၁၂-၂၀၂၅ရက်နေ့ နံနက်(၁၀)နာရီအချိန်က မအူပင်မြို့နယ် ခရီးသွားဝန်ဆောင်မှုနှင့်ပါတ်သက်၍ မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်းပြီးသတ်မှတ်ချက်များနှင့်အညီဆောင်ရွက်နေမှုရှိ/မရှိစားသုံးသူများနစ်နာမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းစနစ်တကျပြေးဆွဲရေး အဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပါဝင်ပြီး မအူပင်မြို့ရှိ သမာဓိ ကားဝန်ဆောင်မှုလုပ်ငန်း၊ ကြယ်ဇင်လင်း၊ သီဟနိုင်၊ အဆင့်မြင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ တို့ကို စစ်ဆေးခဲ့ပြီး ကားဂိတ် တာဝန်ခံများကို ခရီးသွားဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာ ဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါသည့်အတွက် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည် တန်ဆာပေးပို့မှုအခြေအနေများကို တိကျမှန်ကန်စွာ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ အာမခံချက်နှင့် အညီ တာဝန်ယူဆောင်ရွက်ပေးနိုင်ရေး၊ စားသုံးသူဝန်ဆောင်မှုကို အသုံးမပြုမီ ကြိုတင်သတင်းအချက် အလက်များကြော်ငြာထားနိုင်ရန်တို့ကို လည်းကောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းလမ်းညွှန်ချက် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ ရှင်းလင်းခြင်း သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
