
မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း မွေးမြူရေးတိရိစ္ဆာန်အစားအစာဖြစ်သည့် ဆီကြိတ်ဖတ်အမျိုးမျိုး စျေးကောင်းရလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့ စားဆီကြိတ်ခွဲပြီးနောက် ထွက်ရှိလာသည့် မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များမှာ မန္တလေးကုန်စည်ဒိုင်စျေးကွက်အတွင်း မွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူမှုများပြားသည့်အတွက် ကုန်စည်ဒိုင်စျေးကွက်တွင် စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။ . မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၇၀၀ဝိ/- နှင့် ၇၁၀ဝိ/-၊ နှမ်းဖတ် ၄၆၀ဝိ/- နှင့် ၄၇၀ဝိ/-၊ နေကြာဖတ် ၃၆၀ဝိ/-နှင့် ၃၇၀၀ကျပ်၊ မုန်ညှင်းဖတ် ၃၈၀ဝိ/-နှင့် ၃၉၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာပေါက်စျေးများမှာ မြေပဲဖတ် ၆၈၅ဝိ/- နှင့် ၆၉၅ဝိ/-၊ နှမ်းဖတ် ၄၆၀ဝိ/- နှင့် ၄၈၀ဝိ/-၊ နေကြာဖတ် ၃၅၀ဝိ/-နှင့် ၃၇၀ဝိ/-၊ မုန်ညှင်းဖတ် ၃၁၀ဝိ/-နှင့် ၃၈၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဆီကြိတ်ဖတ်အမျိုးအမျိုးပေါက်စျေးအား ယခင်နိုဝင်ဘာလနောက်ဆုံး ပတ်ကာလတူ ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀ဝိ/-နှင့် ၁၅ဝိ/-အကြား စျေးမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
